Events
Biofach Organic ကုန်စည်ပြပွဲ ကျင်းပမည်
Updated At: 2022-07-20 10:47:29

ကမ္ဘာ့ထိပ်တန်းအော်ဂဲနစ်ထုတ်ကုန်ပြပွဲကြီးဖြစ်သည့် Biofach Organic ပြပွဲကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၄) ရက်တိုင် ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့၊ Messe Nuremberg တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းပြပွဲ ကို ကိုယ်တိုင်လာရောက် ခင်းကျင်းပြသ ခြင်းနှင့်ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့် ပြသခြင်း ပုံစံ (၂) မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အော်ဂဲနစ်စားသောက်ကုန်များအပြင် Organic Non-food များဖြစ်သည့် အိမ်သုံးပစ္စည်း၊ အလှကုန်၊ အထည်၊ ဆေးဝါး၊ အပင်နှင့်မျိုးစေ့များ အစရှိသည်တို့ကို နိုင်ငံတကာမှ အော်ဂဲနစ်ကုမ္ပဏီများ လာရောက် ခင်းကျင်းပြသကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါပြပွဲတွင် အော်ဂဲနစ်ထုတ်ကုန်ဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်များ၊ Congress များ၊ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပွဲများ၊ Exhibitor များ၏ တင်ဆက်ပြသမှုများဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ပြပွဲလက်မှတ်ဝယ်ယူသူများသည် on site ပြပွဲအပြင် အွန်လိုင်းပြသမှုနှစ်မျိုးလုံးကို တစ်ပြိုင်တည်း ကြည့်ရှုလေ့လာခွင့် အခွင့်အရေးကို ရရှိနိုင်မည် ဖြစ်ပါသည်။
Biofach Organic ပြပွဲတွင် Organic Africa Pavilion ၌ မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ အော်ဂဲနစ်လက်ဖက်ခြောက်များ ထုတ်လုပ်တင်ပို့နေသည့် Power Mawshan ကုမ္ပဏီက ကိုယ်တိုင်လာရောက်ပြသမည်ဖြစ်ပြီး Yatha Waddi ကုမ္ပဏီ (Paline လက်ဖက်) က ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့် ပါဝင် ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲကာလအတွင်း ဂျာမန်အဝယ်တော်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ထုတ်ကုန်အရည်အသွေးပိုင်းဆိုင်ရာ ဆောင်ရွက်သင့်သည်များကို Helvetas အဖွဲ့အစည်းပါဝင်၍ ဆွေးနွေးမှုများ၊ Business Matching များ ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိ ကြောင်း သတင်းရရှိပါသည်။
သတင်းရင်းမြစ်။ စီးပွားရေးသံမှူး၊ ဘာလင်မြို့
MITC News
Event Details
- Date
- 26th to 29th July
- Location
- ဂျာမနီနိုင်ငံ၊ နူရင်ဘတ်မြို့၊ Messe Nuremberg
- Website
- www.myantrade.org
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026